Saturday, January 30, 2010

ကဗျာမဟုတ်

မင်းမှတ်မိသေးလား
အမေဆူတိုင်း မင်းအတွက်ကူပြောတတ်ခဲ့တာတွေ
တစ်ဆိုင်တည်း အတူထိုင်ခဲ့တဲ့ နေ့ရက်တွေအတူသောက်ခဲ့တဲ့ အရက်တွေ
ဆေးလိပ်တစ်လိပ်ကို နှစ်ယောက်သောက်တဲ့အဖြစ်တွေပြီးတော့
နေ့တိုင်းသော့ဖွင့်ပေးရတဲ့ ငါ့ရဲ့ညတွေ ။

မင်းမှတ်မိသေးလား
ခုနစ်စင်ကြယ်တို့ အမြီးထောင်တုန်း
အမေတစ်ယောက်နဲ့ ညီတစ်ယောက်
ရတက်ပွေရင်း ရှင်းခဲ့ရတဲ့
မင်းရှာခဲ့တဲ့ ပြသနာလေ ။

မင်းမှတ်မိသေးလား
မင်းတာဝန်ကျတဲ့ မြို့လေးမှာ
ငါတို့နွေးထွေးစွာ အတူထိုင်ဖြစ်ကြတုန်း
ညီအကိုချစ်ခြင်းကို သက်သေထူခဲ့တာ
ငါမမေ့ရက်ဘူး ။

မင်းမှတ်မိသေးလား
ခေတ္တပြန်လာတဲ့
ငါ့ကိုကြည့်တဲ့မင်းရဲ့မျှော်လင့်ချက် မျက်ဝန်းတွေ
ငါ့ရှေ့မှာ အားတင်းရင်း
မျက်ရည်ကျတဲ့ အဖြစ်တွေ
ငါနဲ့နေချင်တယ်လို့ မင်းပြောခဲ့တာတွေ ။

မင်းသိရဲ့လား
မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့
မိခင်တစ်ယောက်ရဲ့ ၀မ်းနည်းပူဆွေးမှု
ကွဲကြေတဲ့မျက်ဝန်းနဲ့ မျက်ရည်ဝဲနေတဲ့ဖခင်
မေးကြောတွေထောင်လောက်အောင
်အံတင်းတင်းကြိတ်ထားတဲ့
အကိုကြီးရဲ့သောကမောင်လေးရယ်လို့
ဖက်ငိုတဲ့ တစ်ဦးတည်းသော
အမရဲ့ ဝေဒနာဒီအပူတွေ ကြားထဲမှာ
ငါ့မျက်နှာဟာမချိတင်က
ဲ ဒဏ်ရာတွေအပြည့်နဲ့

လွန်ခဲ့တဲ့ ခုနစ်လကပေါ့
ငါ့ရင်ဘတ်ကို မိုးကြိုးပစ်ခဲ့တာ...။
လာကတည်းက သွားဘို့အတွက်ဘဲတရားဆိုတာလည်း
ရင်ထဲမှာတော့ ရှိခဲ့ကြတယ်လက်တွေ့မှာတရားကို
သောကတွေစားတဲ့အခါ
အကိုရေ....ဒါဟာ မင်းအတွက်တော့
ကဗျာတစ်ပုဒ် မဟုတ်ခဲ့ဘူး ။

No comments:

Post a Comment